Saturday, March 2, 2013

ထာဝရ

သူငယ်ချင်းဆိုတဲ့အဓပါယ်ဖြူစင်ခြင်းတွေက
အဆုံးမဲ့ပါလား
တစ်ခါတစ်လေ
အမှားမကင်းနားလည်မှုတွေ
လွဲတက်ပေမယ့်
သူငယ်ချင်းချစ်ကတော့...ရင်မှာ
ထာဝရရှင်တန်နေဆဲပါ
                                                                       ခွန်ထာဝရ

ပျောက်ဆုံးနေသောမိသားစုဘ၀များ

တိုင်လေးတိုင်ထူ၊ ဓနိမိုး၊ ထရံကာ အလုပ်သမားတန်းလျားလေးများရှိသည့် ကျောက်ရေမြောင်းပုပ် အနံ့အသက် ဆိုးရွားလှသည့် ရပ်ကွက်အတွင်း ညစ်ပေသော လမ်းကျဉ်းလေးများပေါ်တွင် ဆော့ကစားနေသော ကလေးများ၏ အသံများဖြင့် ဆူညံနေသည်။

ရှိသမျှကလေးများ လမ်းပေါ်ထွက် ဆူညံဆော့ကစားနေသည့် မြင်ကွင်းက ထိုရပ်ကွက်များအတွက်တော့ အဆန်းမဟုတ်။ ယခုလို အချိန်များတွင် ရပ်ကွက်ထဲ၌ ကလေးငယ်များနှင့် အသက်အရွယ်ကြီးရင့်သူများသာ ရှိကြသည်။ လူရွယ်၊ လူလတ်ပိုင်းများမှာ အလုပ်သွားနေကြခြင်း ဖြစ်သည်။ အမျိုးသမီးအများစုက စက်မှုဇုန်၊ အထည်ချုပ်စက်ရုံများတွင် မိုးလင်းမိုးချုပ် အလုပ်ဆင်းကြသည်။

အမျိုးသားများမှာ မိသားစု စားဝတ်နေရေးအတွက် နေ့ စားအလုပ်သမားဘ၀ဖြင့်